Nyein Way (19.1.1962 / Yangon)
ဘာသာစုံ ဂုဏ်ထူ: တစ်ပိုင်းလျှပ်ကူးနှင့် သံမဏိ crossing-border intellectual စာမေးပွဲ ။ ကာလအတွင်း အရင်းအနှီးစီးဆင်းမှု။
(က) အာရှကျားသစ်တစ်ကောင်အဖြစ်
၂ဝ၁၂ ခုနှစ် စက်တင်ဘာလ ထုတ် မြန်မာတိုင်းမ်တွင် 'မြန်မာနိုင်ငံ ၌ ရင်းနှီးမြှုပ်နှံပါ၊ အာရှကျားသစ် တစ်ကောင်'ဟူ၍ အထူးထုတ် အချပ် ပိုထုတ်ဝေခဲ့ပါသည်။ ထိုအထူးထုတ် တွင် စာနယ်ဇင်းဆရာတွေ ကောင်း ကောင်းကြီး လက်စွမ်းပြထားသည်ကို တွေ့ရပါသည်။ထိုအချပ်ပိုတွင်ဖော်ပြ ထားသည့်အချက်များကို ဤသို့ တွေ့ရပါသည်။ စိုက်ပျိုးရေးကဏ္ဍ သည် စိန်ခေါ်မှုများရှိနေသော်လည်း အခွင့်အလမ်းများစွာရှိနေကြောင်း၊ ထုတ်ဖော်တူးဖော်စရာများစွာ ကျန် နေသေးသော သတ္တုကဏ္ဍကို စိတ်ပါ ဝင်စားမှုများပြားနေကြောင်း၊ စွမ်းအင် ကဏ္ဍကြောင့် နိုင်ငံခြား သီးသန့်ရန်ပုံ ငွေများ တိုးပွားစေကြောင်း၊ ဘဏ် လုပ်ငန်းများ အင်အား ဖြည့်တင်းရန် လိုအပ်ကြောင်း၊ ရင်းနှီး မြှုပ်နှံသူများ၊ တိကျသည့် သတင်းအချက်အလက် များ ရရှိနိုင်စေရန် ဈေးကွက်သုတေ သနများ လိုအပ်ကြောင်း စသည်တို့ ပါဝင်သည်။ ရေနံနှင့်သဘာဝ ဓာတ် ငွေ့ကဏ္ဍတွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု နှင့်ပတ်သက်၍ အကယ်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ သံသယရှိပြီး နှောင့်နှေးနေလျှင် အလွန်နောက် ကောက်ကျသွားမည်ဟု ရေးဆွဲဖော်ပြ ထားသည်ကို တွေ့ရသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အငယ်စားလုပ်ငန်း များသည် ပြိုင်ဆိုင်ရန် အဆင်သင့် မဖြစ်သေး၍ 'ပြည်တွင်းလုပ်ငန်းများ သည်လိမ္မာပါးနပ်ရန်လိုအပ်'ကြောင်း သုံးသပ်ထားပါသည်။
ထိုအကြံပြုချက်များသည် ခိုင်မာ ပြီး မြန်မာ့စီးပွားရေးလောက အတွက် အကျိုးရှိပါမည်။ သို့သော် လက်ရှိ ဆောင်ရွက်နေသော တံခါး ဖွင့်လုပ်ငန်းစဉ်တွင် ရှင်သန်ကျန်ရစ် နိုင်ရန်အတွက် လိမ္မာပါးနပ်ရန် လို အပ်ရုံဖြင့် မပြီးသေးပါ။ အာရှနိုင်ငံ များ၏ ဖွံ့ဖြိုးရေးခရီးစဉ်တွင် ရင်ဆိုင် တွေ့ကြုံနေရသော ပြဿနာအများ အပြားရှိပါသည်။ ထိုပြဿနာများကို မြင်ထားလျှင် မြန်မာနိုင်ငံအတွက် အကျိုးရှိပါမည်။ အောက်တွင် အဆို ပါပြဿနာများကို ဖော်ပြထားပါ သည်။
အရှေ့အာရှနှင့် အရှေ့တောင် အာရှတွင် ကျားနိုင်ငံများဟု ခေါ်ဝေါ် သုံးစွဲသော နိုင်ငံ ၇ နိုင်ငံရှိပါသည်။ အရှေ့အာရှ၌ ဟောင်ကောင်၊ တောင် ကိုရီးယားနှင့် တရုတ်(တိုင်ပေ) ၊ အရှေ့ တောင်အာရှ၊ အင်ဒိုနီးရှား၊ မလေး ရှား၊ စင်ကာပူနှင့် ထိုင်းတို့ဖြစ်ပါ သည်။ ကမ္ဘာတစ်ဝန်းလုံးရှိ လူအများ က အာရှကျားများကို စိတ်ဝင်စားကြ ခြင်းမှာ အဆိုပါနိုင်ငံများသည် ၁၉၉၆ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခု မျှ အထင်ကြီးလောက်သော စီးပွား ရေးတိုးတက်မှုနှုန်းများကို ရရှိခဲ့ခြင်း ကြောင့်ဖြစ်ပါသည်။ စီးပွားရေးစွမ်း ဆောင်ရည်မြင့်မားမှုကြောင့် နိုင်ငံ သားများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ပြီး ထိုနိုင်ငံများတွင် ဆင်းရဲနွမ်းပါးမှုကိုလည်း လျှော့ချနိုင် သည်ဟု ယုံကြည်ကြပါသည်။ အများအားဖြင့် အာရှကျားနိုင်ငံများ သည်ဘတ်ဂျက်ပိုငွေပြခြင်း၊ ပုဂ္ဂလိက စုဆောင်းမှုနှုန်း မြင့်မားခြင်း၊ ငွေ ဖောင်းပွမှုနှုန်း နိမ့်ကျခြင်း၊ နိုင်ငံခြား သီးသန့်ရန်ပုံငွေ တော်တော်တန်တန် ရှိခြင်း၊ အဆင်ပြေသော နိုင်ငံခြားငွေ လဲလှယ်နှုန်းများရှိခြင်း စသည့် အခြေ အနေကောင်းများကို ရရှိထားပါ သည်။ ထို့ကြောင့် အပြည်ပြည်ဆိုင် ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ချီးကျူး အသိအမှတ်ပြုခြင်းကိုလည်း ခံရပါ သည်။ ကမ္ဘာ့ဘဏ်ကလည်း ထိုနိုင်ငံ များကို အထင်ကြီးပါသည်။ 'အံ့သြ ဘနန်း နိုင်ငံများ' ဟူ၍ပင် တင်စား ခေါ်ဝေါ်သည်။ အဆိုပါနိုင်ငံများ သည် စီးပွားရေးတိုးတက်မှုရရှိရန် ကြိုးစားအားထုတ်ရာတွင် ထူးချွန် သော စံနမူနာပြနိုင်ငံများဟု ရှုမြင် ကာ ¤င်းတို့၏အတွေ့အကြုံမှ သင်ခန်းစာယူရန် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများအား အကြံပေးလေ့ရှိပါ သည်။
သို့သော် ၁၉၉၇ ခုနှစ်လယ်မှ ၁၉၉၈ ခုနှစ် အစောပိုင်းကာလ အတွင်း အာရှကျားနိုင်ငံများ၌ အခက်အခဲများ ကြုံတွေ့ခဲ့ရပါသည်။ တိုးတက်မှုနှုန်း ထိုးကျသွားကာ အနုတ်လက္ခဏာပင် ဖြစ်ပေါ်ခဲ့ပါ သည်။ စီးပွားရေးလုပ်ငန်းများ ပျက် စီးပြီး ဘဏ်များလည်း ပြိုကွဲခဲ့ပါ သည်။ ထိုနိုင်ငံများသည် အလုပ် လက်မဲ့၊ ဆင်းရဲနွမ်းပါးမှုနှင့် လူမှုရေး အခက်အခဲများကဲ့သို့သော နက်ရှိုင်း သည့်ပြဿနာများကို ရင်ဆိုင်ခဲ့ရ သည်။ ရောဂါသည် အာရှတစ်နိုင်ငံ မှ အခြားနိုင်ငံများသို့ လျင်မြန်စွာ ပျံ့ နှံ့သွားခဲ့သည်။ ပေးရိုးပေးစဉ် ကုထုံး ကုနည်းများကို ¤င်းတို့ အသုံးပြုခဲ့ သော်လည်း သိသိသာသာ ကောင်း လာခြင်းမရှိခဲ့ပါ။ ရောဂါကျွမ်းလာပြီး အချိန်လည်းကြာလာကာ အများ မျှော်လင့်ထားသည်ထက် အန္တရာယ် ပိုကြီးလာခဲ့ပါသည်။ အပြည်ပြည်ဆိုင် ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ထူးချွန် သော တပည့်များသည် ဘာသာစုံ ဂုဏ်ထူးထွက်မည်ဟု မျှော်လင့်နေ သည့်ကြားမှ စာမေးပွဲကျခဲ့ကြပါ သည်။ စာမေးပွဲကျရုံမျှသာမက သိက္ခာလည်း ကျခဲ့ကြပါသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့နှင့် အဓိကရ အလှူရှင်နိုင်ငံများ သို့ သွားရောက်ကာ အကူအညီ တောင်းခံခဲ့ရသဖြင့် သက်ဆိုင်သူအား လုံး အံ့အားသင့်စရာ၊ ထိတ်လန့်စရာ ဖြစ်ခဲ့ရပါသည်။ ဘာတွေ အဘယ့် ကြောင့် ဖြစ်ကုန်ကြသနည်း။
ဘာတွေဖြစ်ကုန်သည်၊ အဘယ့် ကြောင့်ဖြစ်ရသည်ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ အဓိကအားဖြင့် ထိုနိုင်ငံ များအတွင်းသို့ ပုဂ္ဂလိကအရင်းအနှီး အများအပြား အချိန်တိုအတွင်း လျင် မြန်စွာ စီးဝင်ခြင်းနှင့် စီးထွက်ခြင်း ကြောင့် ပြဿနာဖြစ်ရသည်ဟု အများသဘောတူလက်ခံကြပါသည်။ ၁၉၉၆ ခုနှစ်က အဆိုပါနိုင်ငံများသို့ အသားတင်ပုဂ္ဂလိကအရင်းအနှီးဝင် ရောက်မှု ဒေါ်လာ ၉၇ ဘီလီယံရှိခဲ့ သည်။ ၁၉၉၇ ခုနှစ်၊ ဒုတိယနှစ်ဝက် တွင် လမ်းကြောင်းပြောင်းပြန်ဖြစ် သွားပြီး ဒေါ်လာ ၁၂ ဘီလီယံ အသားတင်စီးထွက်သွားခဲ့သည်။ ဆို လိုသည်မှာ ခြောက်လအတွင်း ဒေါ်လာ ၁ဝ၉ ဘီလီယံ စီးထွက်သွား ခြင်းဖြစ်ရာ ထိုနိုင်ငံများအတွက် အလွန်တရာကြီးမားသော ငွေကြေး ပမာဏဖြစ်သည်။ တစ်နည်းအားဖြင့် ဝင်ငွေစုစုပေါင်း ပြည်တွင်းထုတ်ကုန် ၏ ၁ဝ% မျှရှိသည်။
ပုဂ္ဂလိကမြီရှင်များထံမှ ချေးငွေ များအဖြစ်ဖြင့် ငွေကြေးအမြောက် အမြားစီးဝင်ခဲ့ခြင်းဖြစ်သည်။ အချိန် တိုအတွင်း အလှည့်အပြောင်းကြီး ကြီးမားမားဖြစ်သွားရခြင်းမှာ စီးဝင် လာသော အရင်းအနှီးအများစုသည် ရေတိုချေးငွေများ ဖြစ်နေသော ကြောင့် ဖြစ်သည်။ နည်းပညာရှု ထောင့်အရဆိုရလျှင် ရေတိုချေးငွေ သည် တစ်နှစ်နှင့် အောက်ကာလ အတွင်း ပြန်ဆပ်ရမည့် ချေးငွေဖြစ် သည်။ သို့သော် လက်တွေ့တွင် ရေတိုဆိုသည်မှာ တစ်လ၊ နှစ်လ လည်း ဖြစ်နိုင်သည်။ အာရှ ဘဏ္ဍာ ရေးအကျပ်အတည်းသည် အဓိက အားဖြင့် အဆိုပါနိုင်ငံများတွင် ရေတို ကာလအတွင်း အရင်းအနှီးစီးဆင်းမှု၊ ဆိုးဆိုးဝါးဝါး ကပြောင်းကပြန်ဖြစ် သွားခြင်းကိုပင် ဆိုလိုသည်။ အကျပ် အတည်းဖြစ်ရခြင်း၊ အကျပ်အတည်း ကြောင့် တွေ့ကြုံရသည့် ဒုက္ခများကို သေသေချာချာ လေ့လာရန်လိုသည်။ ထိုသို့ကြည့်နိုင်လျှင် မြန်မာနိုင်ငံ အနေဖြင့် အာရှကျားတစ်ကောင် ဖြစ်နိုင်သည်ဆိုပြီး ကိုယ့်စကားကို ကိုယ် အလေးအနက် အလွန်အကျွံ ပြန်ယုံနေတာမျိုး၊ တိုင်းပြည် ဒုက္ခ ရောက်အောင် လုပ်တာမျိုးကို ရှောင် ရှားနိုင်မည်။
(ခ) အောင်မြင်မှုတွင် ကျဆုံးမည့် မျိုးစေ့ပါ
အကျပ်အတည်းဖြစ်စေသည့် အရေးပါသော အကြောင်းတရားတစ် ခုမှာ အာရှကျားများ၏ စီးပွားရေး အောင်မြင်မှုမှ ပေါ်ထွက်လာသော ဘေးထွက်ဆိုးကျိုးဖြစ်သည်။ ပို့ကုန် များက အောင်မြင်မှုရရှိရန် လောင် စာထည့်ပေးကြခြင်းဖြစ်သည်။ အစ ပိုင်းတွင် အာရှနိုင်ငံများက အခြေခံ ကုန်ကြမ်းများ၊ နည်းပညာနိမ့်ကာ လုပ်အားကို အဓိကထားသုံး၍ ထုတ် လုပ်သော ကုန်ပစ္စည်းများကို တင်ပို့ ရောင်းချကြသည်။ သို့သော် ၁၉၉ဝ ပြည့်လွန်နှစ်အစောပိုင်းများတွင် အဆင့်မြင့် နည်းပညာသုံး ထုတ်ကုန် များဖြစ်သော မော်တော်ယာဉ်များ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ အိမ်သုံး အီလက်ထရွန်နစ်ပစ္စည်းများကို ထုတ် လုပ်စပြုလာခဲ့သည်။ ပို့ကုန်လုပ်ငန်း များမှ ရရှိသော ဥစ္စာဓနဖြင့် ရုံးခန်း များ၊ အိမ်ရာများ၊ စက်မှုလုပ်ငန်းဆိုင် ရာ ပိုင်ဆိုင်မှုများ၊ အခြေခံအဆောက် အအုံများတွင် အကြီးအကျယ်ရင်းနှီး မြှုပ်နှံနိုင်ကြသည်။ ၁၉၉ဝ-၁၉၉၆ ကာလအတွင်း ဟောင်ကောင်၊ ဘန် ကောက်နှင့် ဂျကာတာတို့၌ ရုံးခန်းနှင့် အိပ်ခန်းတန်ဖိုးများ မိုးထိုးတက်သွား ခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်း များလုပ်ရန်အတွက် ကူးသန်းရောင်း ဝယ်ရေးဘဏ်များကို အားကိုးအား ထားပြုမှုကြီးမားပြီး ဝယ်အားနှင့် မျှော်လင့်ချက်ကြီးမားသည်ကို ဖြည့် စွမ်းရန် ကြိုးစားကြရသည်။ အိမ်ရာ မြေဈေးနှုန်းတွေ တက်နေသရွေ့ ဘဏ်တွေက ချေးငွေတွေကို ဘာသာစုံ ဂုဏ်ထူးထွက်မည်ဟု မျှော်လင့်နေ သည့်ကြားမှ စာမေးပွဲကျခဲ့ကြပါ သည်။ စာမေးပွဲကျရုံမျှ ထုတ်ချေးကြသည်။
(ဂ) အနိုင်ရသူ ရွေးချယ်ခြင်း
အခြေခံကုန်ကြမ်းနှင့် နည်း ပညာနိမ့် လုပ်အားသုံးထုတ်ကုန်များ ထုတ်လုပ်ရောင်းချရာမှ နည်းပညာ မြင့် ထုတ်ကုန်များကို အာရှကျား များက ထုတ်လုပ်ရောင်းချမှု ပြောင်း လဲခြင်းနှင့်ပတ်သက်၍ စဉ်းစားဆင် ခြင်ရာမှ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် စဉ်းစားစရာ များပေါ်ပေါက်လာရသည်။ နည်း ပညာအရ မှီခိုအားထားရမှုကို လျှော့ ချရန် ပို့ကုန်ဝင်ငွေအတွက် ကုန်စည် အမယ်အချို့ကိုသာ အားကိုး အားထားပြုနေရပြီး လိုအပ်သည့် စက်မှုထုတ်ကုန်အများစုကို တင်သွင်း နေရသော ကိုလိုနီထုတ်လုပ်မှုပုံစံမှ လမ်းခွဲရန်တို့အတွက် အခြေခံတစ်ခု အဖြစ် စက်မှုလက်မှုလုပ်ငန်းများ တည်ထောင်ရေးကို အားကိုးအားထား ပြုကြသည်။
ထိုပူပန်မှုများကြောင့် ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ဖွံ့ဖြိုးတိုး တက်မှုလုပ်ငန်းစဉ်၏ အစောပိုင်း အဆင့်များတွင် အားပေးသင့်သော စက်မှုလက်မှုလုပ်ငန်း တည်ထောင်ပုံ တည်ထောင်နည်းနှင့် စက်မှုလုပ်ငန်း အမျိုးအစားတို့ကို အထူးအာရုံစိုက် စေခဲ့သည်။
ထို့ကြောင့် ၁၉၅ဝ ပြည့်လွန်နှစ် များတွင် သမားရိုးကျအတွေးအခေါ် အရ လူဦးရေများကာ အလုပ်လက်မဲ့ များပြားသော ဂျပန်နိုင်ငံသည် ချည် ထည်၊ အဝတ်အထည်၊ သားရေထည်၊ ဖိနပ်၊ ကလေးကစားစရာနှင့် အခြား လုပ်အားများများသုံးရသော လုပ်ငန်း မျိုးကို အလေးပေးဆောင်ရွက်သင့် ကြောင်း ညွှန်ပြသည့် စက်မှုတည် ထောင်ရေးလုပ်ငန်းစဉ်၏ အစောပိုင်း အဆင့်တွင် လုပ်အားအများအပြား အသုံးပြုရသော လုပ်ငန်းများ တည် ထောင်ရန်ရရှိသောအခွင့်အရေးများ ကို အသုံးချခဲ့သော်လည်း ပိုမို အဆင့် မြင့်သော စက်မှုလုပ်ငန်းများ တည် ထောင်ရန် မေ့လျော့ခြင်းမရှိခဲ့ပေ။ သမားရိုးကျအတွေးအခေါ်ကို တမင် တကာဆန့်ကျင်ပြီး သံမဏိ၊ ဆီသန့် စက်ရုံ၊ ရေနံဓာတ်ငွေ့၊ မော်တော် ယာဉ်၊ စက်ပစ္စည်းနှင့် အီလက်ထရွန်း နစ်ကဲ့သို့သော အရင်းအနှီး၊ ကျွမ်း ကျင်မှုနှင့် နည်းပညာလိုအပ်သော လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အား ထုတ်ခဲ့သည်။ ထိုလမ်းကြောင်းရွေး ချယ်ခဲ့ခြင်းကို ဂျပန်ဝန်ကြီးဟောင်း က အောက်ပါအတိုင်းဖော်ပြခဲ့သည်။
''ရေတိုတွင် ဤစက်မှုလုပ်ငန်း များ တည်ထောင်ခြင်းသည် စီးပွား ရေးအရ လုံးဝအဓိပ္ပာယ်မရှိ။ သို့ သော် ရေရှည်တွင် ဤလုပ်ငန်းများ သည် နည်းပညာတိုးတက်မှု လျင်မြန် ကာ ထုတ်လုပ်မှုစွမ်းအားတိုးတက်မှု သည်လည်း အလွန်လျင်မြန်သည်။ ထိုစက်မှုလုပ်ငန်းများမရှိဘဲ လူဦးရေ သန်း ၁ဝဝ ကို အလုပ်အကိုင်ပေးရန် နှင့် ဥရောပနှင့် တစ်ပြေးညီ လူနေမှု အဆင့်မြင့်မားနိုင်ရန် ခက်ခဲမည်။
ထိုအချိန်က ဂျပန်၏ ရဲရင့်ပြတ် သားသော မူဝါဒချမှတ်ဆောင်ရွက်မှု သည် ထူးခြားသည်။ ဥပမာ- ၁၉၅ဝ ပြည့်လွန်နှစ်အစောပိုင်းများတွင် တစ်နှစ် သံမဏိထုတ်လုပ်မှုတန်ချိန် ၅ သန်းရှိပြီး ထုတ်လုပ်မှုစရိတ်သည် ကမ္ဘာ့ပျမ်းမျှ စရိတ်ထက် နှစ်ဆဖြစ် နေသည်။ သို့သော် ၁၉၇ဝ ပြည့်လွန် နှစ်အစောပိုင်းများ၌ ဂျပန်၏ သံမဏိ အတွက် တန်ချိန်သန်း ၁ဝဝ ဖြစ်ရာ ကမ္ဘာပေါ်တွင် စွမ်းရည်အမြင့်ဆုံး သံမဏိထုတ်လုပ်သူဖြစ်လာရေးအတွက် လိုအပ်သော ကုန်ကြမ်းအားလုံးကို ပြည်ပမှ တင်သွင်းရသည်။
ဂျပန်က မော်တော်ယာဉ် ထုတ် လုပ်တင်ပို့သော စက်မှုလုပ်ငန်းတည် ထောင်ရန် ကြိုးပမ်းအားထုတ်မှုသည် ပို၍ထင်ရှားသည်။ လွန်ခဲ့သော ဆယ် စုနှစ်ပေါင်းများစွာက ဂျပန်စတင် အားထုတ်သောအခါ သံသယတွေ နောက်ပြောင်မှုတွေနှင့် ရင်ဆိုင်ရ သည်။ ဂျပန်က မော်တော်ကား ထုတ် လုပ်တင်ပို့ရန် ကြိုးစားအားထုတ်မှု သည် အမေရိကန်နှင့် တိုက်ရိုက်ယှဉ် ပြိုင်စေရပြီး အဆင့်မြင့်စက်မှုနှင့် နည်းပညာအခြေခံသာမက အဆင့် မြင့်စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု၊ စုစည်းကွပ်ကဲမှုနှင့် ရောင်းဝယ်ရေး နည်းပညာများပါ လိုအပ်သည်။ ထို အချိန်က ဂျပန်နိုင်ငံ၏ စီးပွားရေး အဆောက်အအုံတွင် အဆိုပါအရည် အချင်းများ ပြည့်စုံခြင်းမရှိပေ။ သို့ သော်လည်း ဂျပန်သည် မော်တော် ကား တင်ပို့ရောင်းချသော လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး အနောက်နိုင်ငံ စက်မှုလုပ်ငန်းများ အားလုံး၏ ထုတ်လုပ်တင်ပို့နိုင်စွမ်း ကို ကျော်လွန်သွားခဲ့သည်။ ၁၉၅ဝ ပြည့်လွန်နှစ်အလယ်ပိုင်းတွင် ဂျပန် က တစ်နှစ်လျှင် ခရီးသည်တင်ယာဉ် ၅ သောင်းခန့် ထုတ်လုပ်ချိန်၌ အမေ ရိကန်ပြည်ထောင်စုက ကားစီးရေ ၆ သန်းထုတ်လုပ်သည်။ သို့သော် ၁၉၈၁ ခုနှစ်တွင် ဂျပန်၏ ကားထုတ် လုပ်မှုသည် အမေရိကန်ထက် သုံးသန်းကျော်လွန်ကာ ၁၁ သန်း အထိ ထုတ်လုပ်နိုင်ခဲ့သည်။
အလားတူပင် ၁၉၅ဝ ပြည့်လွန် နှစ်အလယ်ပိုင်းက စစ်ဒဏ်ခံခဲ့ရ သော ကိုရီးယားသမ္မတနိုင်ငံသည် သဘာဝအရင်းအမြစ်နှင့် ဘဏ္ဍာရေး အရင်းအမြစ်များ မရှိရုံမျှမက နိုင်ငံ ၏ ရပ်တည်မှုကိုပါ အိမ်နီးချင်းနိုင်ငံ က ခြိမ်းခြောက်နေခဲ့သဖြင့် စီးပွား ရေးအရ အမှိုက်ပုံထဲ ရောက်ရမည့် ကိန်း ဆိုက်နေသည်။ သို့သော် ကုန် ချောပို့ကုန်ထုတ်လုပ်မှုကို အခြေခံ သော စက်မှုလက်မှုတည်ထောင်ရေး ကို တက်ညီလက်ညီ ကြိုးပမ်းအား ထုတ်ခဲ့ကြရာ နည်းပညာ၏ ရှေ့တန်း ရောက်နေသော ကွန်ပျူတာများ၊ ဆက်သွယ်ရေးအသုံးအဆောင်များ သာမက သံမဏိများ၊ ဓာတုပစ္စည်း များနှင့် စူပါတင့်ကားများကိုပါ ချမ်း သာသောနိုင်ငံများသို့ ရောင်းချနိုင်ခဲ့ သည်။
၁၉၉ဝ ပြည့်လွန်နှစ်များက အာရှကျားစီးပွားရေးအဆောက်အအုံ များသည် အကြီးအကျယ်ရင်းနှီးမြှုပ် နှံရာတွင်လည်း တက်ြ
တစ်ချိန်တည်းမှာပင် ဒေသတွင်း ရှိ အစိုးရများသည် အောင်မြင်သူများ ရွေးချယ်ရန် ကြိုးစားခဲ့ကြသကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းရှင်များအား အမျိုး သားအကျိုးစီးပွားရှိစေသည်ဟု ယူဆ ပြီး စက်မှုတည်ထောင်ရေးမဟာဗျူ ဟာနှင့် ကိုက်ညီမှုရှိသော အထူး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်းခဲ့သည်။ အထူးသဖြင့် တောင်ကိုရီးယားနိုင်ငံက ဤကိစ္စကို လုံ့လစိုက်သည်။ ချီဘောခေါ် လုပ် ငန်းကြီးများကို စက်ရုံအလုပ်ရုံသစ် များ၊ စက်မှုဇုန်များနှင့် ပို့ကုန်အတွက် ထုတ်လုပ်ရေးလုပ်ငန်းများတွင် ရင်း နှီးမြှုပ်နှံရန် အားပေးသည်။ အဆိုပါ ချီဘောလုပ်ငန်းကြီးများသည် ချေးငွေကိုသာ အားကိုးလည်ပတ်နေ ရရာ ဤသို့ဖြင့်ြေ
မလေးရှားနိုင်ငံတွင် အစိုးရက တစ်ပိုင်းလျှပ်ကူးနှင့် မော်တော်ယာဉ် လုပ်ငန်းများတွင် မဟာဗျူဟာ မြောက် မြှုပ်နှံကြရန် တွန်းအားပေးခဲ့ သည်။ ပြည်တွင်းသို့ တင်သွင်းသော မော်တော်ကားများကို ၂ဝဝ% အခွန် နှုန်းချမှတ်ကောက်ခံကာ ပြည်တွင်း၌ ပရိုတွန်ကားကို ထုတ်လုပ်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် နှစ်စဉ် ပရိုတွန် ကားစီးရေ ၂၂၅, ဝဝဝ စီး ထုတ်လုပ် ကာ ပြည်တွင်းဈေးကွက်ဝေစု၏ ၆၂% ကို ရရှိခဲ့သည်။ အခွန်ကောက် တားဆီးခြင်းမပြုခဲ့၍ ယှဉ်ပြိုင်ထုတ် လုပ်နိုင်စွမ်းရှိမည်မဟုတ်ပေ။ အင်ဒို နီးရှား၏ အတွေ့အကြုံမှာ ပို၍စိတ် ဝင်စားဖွယ်ကောင်းသည်။ ဆွေမျိုးစု ကောင်းစားရေး အရင်းရှင်စနစ်ဟု လူ သိများသော စနစ်တစ်ခုအောက်တွင် မိသားစုဝင်များ၊ မိတ်ဆွေများ၏ စီး ပွားရေးလုပ်ငန်း ၃ဝဝ ခန့်ရှိသော ကွန်ရက်ကို သမ္မတ ဆူဟာတိုက နှစ် ရှည်လများ ကူညီအားပေးခဲ့သည်။ လုပ်ငန်းအတော်များများကို သမ္မတ က လက်ဝါးကြီးအုပ်နိုင်ရန် အထူး အခွင့်အရေးများပေးခဲ့သည်။ ဥပမာ ၁၉၉ဝ ပြည့်နှစ်အတွက် သမ္မတ၏ သား မစ္စတာဟူတိုမိုကို အင်ဒိုနီးရှား လူမျိုးတို့ အကြိုက်များကြသည့် စီး ကရက်ထုတ်လုပ်ရာတွင် ဆေးရွက် ကြီးနှင့် ရောနှောအသုံးပြုရသည့် လေးညှင်းပွင့်ကို ရောင်းချသော လုပ် ငန်းကို လက်ဝါးကြီးအုပ်ခွင့်ပြုခဲ့ သည်။ ထို့အပြင် ၁၉၉၅ ခုနှစ်က သမ္မတသည် ပြည်တွင်းထုတ် ကား တစ်စီးထုတ်လုပ်မည်ဟု ကြေညာခဲ့ သည်။ ထိုမော်တော်ကားကို မစ္စတာ ဟူတိုမို ပိုင်ဆိုင်သော လုပ်ငန်းနှင့် တောင်ကိုရီးယားမှ ကီးယားမော်တော် ကားကုမ္ပဏီတို့ ပူးပေါင်းကာ တည် ဆောက်ခြင်းဖြစ်သည်။ ထိုလုပ်ငန်း အတွက် အင်ဒိုနီးရှားဘဏ်များ စု ပေါင်းကာ ဒေါ်လာသန်း ၇ဝဝ အရင်းအနှီးမတည်ပေးခိုင်းခဲ့သည်။
အတိုချုပ်အားဖြင့် ၁၉၉၅ ခုနှစ် တိုက အာရှတစ်ဝန်းတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ အားထုတ်မှု၊ အစိုးရ၏အားပေးမှု၊ တစ်ခါတစ်ရံ အစိုးရနှင့် နီးစပ်သော အရင်းရှင်များ ၏ အားပေးမှုတို့ကြောင့် ပုဂ္ဂလိက အရင်းအနှီးတွေ အံ့မခန်းများပြားခဲ့ သည်။ ထို့အပြင် ဤအရင်းအနှီး အများစုသည် ချေးငွေကို အားကိုး အားထားပြုထဲ့ရသညိ။ သို့သော် အရင်းအနှီးဆက်လက်တိုးပွားရန် ဆက်လက်ထိန်းသိမ်းဆောင်ရွက်နိုင် ခြင်းမရှိပေ။ အလွန်အကျွံ ရင်းနှီးမြှုပ် နှံမှုတွေဖြစ်ပြီးနောက် ပြိုကွဲသွားခဲ့ သည်။ ဥပမာ- ကိုရီးယားနိုင်ငံတွင် အစိုးရ၏ တိုက်တွန်းမှုဖြင့် တည် ဆောက်ခဲ့ရသော တစ်ပိုင်းလျှပ်ကူး စက်ရုံသည် (ျွီဗြှ) များ၏ ကမ္ဘာ့ဈေးကွက်ပေါက်ဈေး ၁၉၉၆ ခုနှစ်တွင် သိသိသာသာ ကျဆင်းသွား သောအခါ ကောင်းကောင်းကြီး ဒုက္ခ ရောက်သွားသည်။ ဤကိုရီးယားကုမ္ပ ဏီ၏ဝင်ငွေ ၉ဝ% ကျဆင်းသွားခဲ့ သည်။ ကုမ္ပဏီအနေဖြင့် ချေးငွေကို သတ်မှတ်ချိန်အထိ ပေးဆောင်ရန် အခက်အခဲ တွေ့ရသည်။
အလားတူပင် ထိုင်းနိုင်ငံ၌ အိမ် ရာမြေဈေးကွက် စန်းပွင့်ရာမှ လိုအပ် သော တိုက်ခန်းထက် ကျော်လွန် အောင် ဆောက်လုပ်ခဲ့ကြသည်။ ၁၉၉၇ ခုနှစ်အစောပိုင်းက ဘန် ကောက်တွင် လူမနေသော တိုက်ခန်း ပေါင်း ၃၆၅, ဝဝဝ ခန့်ရှိပြီး နှစ်ကုန် သည့်အခါ နောက်ထပ်တိုက်ခန်း တစ်သိန်းပြီးစီးမည်ဟု ခန့်မှန်းကြ သည်။ စောစောပိုင်းက ဝယ်လိုအား များနေရာမှ ရောင်းလိုအားများသွား သည်။ အလှည့်အပြောင်းကို ၁၉၉၈ ပြည့်လွန် ဒုတိယပိုင်းနှစ်များတွင် တွေ့ရသည်။ ထို့အပြင် ကုမ္ပဏီရုံး ခန်းများ အိပ်ခန်းများအတွက် နောက် ထပ် ၅ နှစ်စာ လိုအပ်ချက်ကိုပင် ဖြည့်စွမ်းနိုင်မည်ဟု ခန့်မှန်းကြသည်။
ကိုရီးယားနိုင်ငံ၌ တစ်ပိုင်းလျှပ် ကူးလုပ်ငန်းတွင်လည်းကောင်း၊ ဘန် ကောက်အိမ်ရာမြေဈေးကွက်၌လည်း ကောင်း တွေ့ကြုံခဲ့ရသည်များကို ဒေသတွင်းရှိ အခြားနိုင်ငံများ၌လည်း ကြုံကြိုက်ခဲ့သည်။ စက်ရုံများနှင့် အိမ်ရာမြေများ၌ အကြီးအကျယ်ရင်း နှီးမြှုပ်နှံမှုသည် လိုအပ်သည်ထက်ပို ကာ ဈေးနှုန်းများ ကျဆင်းစေသည်။ ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီများလည်းြေ
(ဃ) အံ့သြဖွယ် အာရှတိုးတက်မှု၏ အမှောင်ဘက်ခြမ်း
အကျပ်အတည်းကြောင့် ပေါ် ပေါက်လာခဲ့သော အာရှကျားနိုင်ငံ များ၏ စီးပွားရေးစွမ်းဆောင်မှုကို ပြန် လည်သုံးသပ်အကဲဖြတ်ရာ၌ အထူး သဖြင့် အမှာင်ဘက်ခြမ်းဟု ခေါ် သည့် အားနည်းချက်များကို ပို၍ အာရုံစိုက်ခဲ့ကြသည်။ ကျားနိုင်ငံများ ၏ စီးပွားရေးစွမ်းဆောင်မှုသည် မူဝါဒမှန်ကန်မှုနှင့် ခိုင်မာသော မေကရိုစီးပွားရေးအခြေခံများကြောင့် ချည်းမဟုတ်ပေ။ အဆိုပါနိုင်ငံများ တွင် ဒီမိုကရက်တစ်မဆန်သော အစိုးရများ အုပ်စိုးနေခြင်းကြောင့် လည်း ဖြစ်သည်။ ထိုအစိုးရများက လုပ်ခသက်သက်သာသာဖြင့် ပို့ကုန် များ တင်ပို့နိုင်ခဲ့ကြသည်။ လုပ်သား သမဂ္ဂများကို ဖိနှိပ်ထားပြီး အမျိုး သမီး အလုပ်သမားများကို ခွဲခြား ဆက်ဆံကာ ပို၍နိမ့်ကျသော လုပ်ခ များကိုသာပေးခဲ့သည်။ သဘာဝ သယံဇာတများကို အလွန်အကျွံ ထုတ်နုတ်ခြင်း၊ ပတ်ဝန်းကျင် ပျက်စီး စေခြင်းတို့ကြောင်းလည်း စီးပွားရေး စွမ်းဆောင်ရည်နှင့် စီးပွားရေးတိုး တက်မှုမြင့်မားလာခဲ့ခြင်းဖြစ်သည်။ မိမိနိုင်ငံ၏ သယံဇာတများ ကုန်ခန်း သွားသောအခါ အိမ်နီးချင်းနိုင်ငံများ ၏ သယံဇာတများကို ရယူအသုံးပြု ကာ အဆိုပါနိုင်ငံများတွင် ပတ်ဝန်း ကျင်ထိခိုက်ပျက်စီးစေသည်။ အာရှ ကျားနိုင်ငံများ၏ ပို့ကုန်တိုးတက်မှု သည်လည်း ဖွံ့ဖြိုးပြီး အနောက်နိုင်ငံ များ၏ ဈေးကွက်အပေါ် မှီခိုအား ထားကြရသည်။ မှီခိုအားထားသော ကျားနိုင်ငံက ၇ နိုင်ငံသာ ရှိသေး သဖြင့် အောင်မြင်မှုရခြင်းဖြစ်သည်။ အကယ်၍ ကမ္ဘာပေါ်ရှိ အရေ အတွက်အားဖြင့် တစ်ရာကျော်သော ဖွံ့ဖြိုးဆဲနိုင်ငံအားလုံးက အာရှကျား နိုင်ငံတွေ လုပ်သလိုသာ လိုက်လုပ် ကြလျှင် အနောက်နိုင်ငံများက နိုင် အောင် ဝယ်နိုင်မည်မဟုတ်။ သို့ဖြစ် ရာ အနောက်နိုင်ငံများက ကိုယ်ကျိုး စီးပွား ကာကွယ်ရေးမူဝါဒများ ချမှတ် ကျင့်သုံးစရာအကြောင်းရှိသည်။ ဘဏ်နှင့် ငွေကြေးလုပ်ငန်းများ၌ အားနည်းချက်ရှိနေခြင်းသည်လည်း အကျပ်အတည်းနှင့်ပတ်သက်၍ အရေးပါသော အကြောင်းတစ်ရပ် ဖြစ်သည်။ အန္တရာယ်များကို စောင့် ကြပ်ကြည့်ရှုခြင်း၊ အကဲဖြတ်ခြင်း လုပ်ငန်းများ ဘဏ္ဍာရေးအရ ရပ် တည်နိုင်စွမ်းရှိ မရှိ အကဲဖြတ်ခြင်းတို့ ၌ အားနည်းမှုတို့ကြောင့် ထုတ်လုပ်မှု စွမ်းအားနည်းရာ နယ်ပယ်များ၌ လွဲ မှား မြှုပ်နှံမှုများကို ဖြစ်ပေါ်စေ သည်။ ရေတိုတွင် ပြန်ဆပ်ရမည့် ချေးငွေများနှင့် ရေရှည်၌ အကျိုး အမြတ်ပေါ်မည့်လုပ်ငန်းများသည် လည်း အချိတ်အဆက်လွဲနေသည်။ သာဓကအားဖြင့် အင်ဒိုနီးရှားနိုင်ငံ တွင် ဘဏ်အမျိုးမျိုး ၂၃၈ ခုရှိရာ ဘဏ် ၁၆ဝ သည် ပုဂ္ဂလိကဘဏ် များဖြစ်ပေါ်သည်။ ¤င်းတို့ကို စီးပွား ရေးလုပ်ငန်းကြီးများက ပိုင်ဆိုင်ကြ သည်။ မိမိတို့၏ လုပ်ငန်းများကို ငွေ ကြေးထောက်ပံ့ရန်အတွက် မိမိတို့နှင့် မကင်းရာ မကင်းကြောင်းဘဏ်များ ထံမှ အလွယ်တကူရယူနိုင်သည်။ နောက်ဆုံးတွင် တရုတ်(တိုင်ပေ) ၊ တောင်ကိုရီးယားနှင့် ဟောင်ကောင် တို့ကို ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေး အကူအညီများ အထူးပေးကာ ကူညီ ခြင်းခံရသည်။ အထူးသဖြင့် အမေရိ ကန်နိုင်ငံက အထက်ပါနိုင်ငံများ သည် တရုတ်ပြည်မကြီးကို ဝန်းရံရန် အတွက် အရေးပါသောကြောင့် င့် အကူ အညီပေးခဲ့ခြင်းဖြစ်သည်။
Credit to ဒေါက်တာဦးမြင့်& translator Khin Maung Nyo (Economist)
။ငြိဏ်းဝေ။
Myanmar Conceptual Poets Station။
PoemHunter.com Updates
-
World Day for Cultural Diversity for Dialogue and Development
celebrated on May 21st every year
-
Your Favorite Poets’ Favorite Books of Poetry
-
Daily Rituals of Famous Authors
Writers seem to be the most prone to unshakeable routines and elaborate superstitions.
-
Incredible Reading Rooms Around the World
Cozy, beautiful places to curl up with a good book...
Top 500 Poems
-
Phenomenal Woman
Maya Angelou
-
The Road Not Taken
Robert Frost
-
Still I Rise
Maya Angelou
-
If You Forget Me
Pablo Neruda
-
Dreams
Langston Hughes
-
Annabel Lee
Edgar Allan Poe
-
If
Rudyard Kipling
-
A Dream Within A Dream
Edgar Allan Poe
-
Stopping by Woods on a Snowy Evening
Robert Frost
-
I Know Why The Caged Bird Sings
Maya Angelou
Comments about this poem (ဘာသာစုံ ဂုဏ်ထူ: တစ်ပိုင်းလျှပ်ကူးနှင့် သံမဏိ crossing-border intellectual စာမေးပွဲ ။ ကာလအတွင်း အရင်းအနှီးစီးဆင်းမှု။ by Nyein Way )