Nyein Way

Rookie - 110 Points (19.1.1962 / Yangon)

ဒိန်ခဲသုံးချပ် တခြားသူတွေနဲ့ယှဉ်ရင် ဒိန်ခဲသုံးချပ် မျိုးပွားနိုင်စွမ်းရည် - Poem by Nyein Way

ငယ်ရွယ်တဲ အမျိုးသားတွေအနေနဲ့ နေ့စဉ် ဒိန်ခဲသုံးချပ်ထက် ပိုပြီးစားသုံးပါက ဖခင်ဖြစ်နိုင်တဲ့ အခွင့်အရေး နည်းပါးသွားနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ မလိုင်အပြည့်ပါဝင်တဲ့ နို့နဲ့နို့ထွက်ပစ္စည်းကို ပမာဏအနည်းငယ် စားရင်တောင် မျိုးပွားနိုင်တဲ့စွမ်းရည် သိသိသာသာ ကျဆင်းနိုင်တယ်လို့ဆိုပါတယ်။
ဟားဗတ်မှ လေ့လာသူတွေက နေ့စဉ်နို့ထွက်ပစ္စည်း သုံးပုံစားတဲ့ အမျိုးသားတွေအနေနဲ့ တခြားသူတွေနဲ့ယှဉ်ရင် သုက်ပိုးအရည်အသွေး ညံ့ဖျင်းကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒိန်ခဲတစ်အောင်စ၊ ခရင်မ်ထမင်းစားဇွန်းတစ်ဇွန်း၊ ရေခဲမုန့်တစ်ဇွန်း (ရေခဲမုန့်ခပ်ဇွန်း) နဲ့ မလိုင်အပြည့်ပါ နို့တစ်ခွက်ကို တစ်ပုံလို့သတ်မှတ်ပါတယ်။ နို့မှာ သဘာဝအားဖြင့်ပါဝင်တဲ့ အမျိုးသမီးဟော်မုန်းတွေက အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို နှောင့်ယှက်တာကြောင့်လို့ သုတေသီတွေက ထင်မှတ်ကြပါတယ်။
ဒါ့အပြင် နို့နဲ့နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ ပိုးသတ်ဆေး၊ ကလိုရင်းနဲ့ အခြားသတ္တုဓာတ်တွေကြောင့်လည်း မျိုးပွားနိုင်စွမ်းရည် ကျဆင်းနိုင်ပါတယ်။တခြားလေ့လာမှုအရလည်း ကာဗိုဟိုက်ဒရိတ်များစွာ စားတဲ့ငယ်ရွယ်တဲ့ အမျိုးသားတွေမှာလည်း သုက်ပိုးအရေအတွက် နည်းပါးကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီအမျိုးသားတွေဟာ အ၀လွန်နိုင်လို့ပါ။ အ၀လွန်တာကြောင့် ဟော်မုန်းပြောင်းလဲမှုဖြစ်ပြီး ဒိန်ခဲသုံးချပ်ကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။(credit to singapoerfeelblospot.com)
I don't know whether it is true or not.
Life is an experiment in a risky way in time of change? ? ? ? ? ? ? ? ?


။ငြိဏ်းဝေ။
Myanmar Conceptual Poets Station။


Comments about ဒိန်ခဲသုံးချပ် တခြားသူတွေနဲ့ယှဉ်ရင် ဒိန်ခဲသုံးချပ် မျိုးပွားနိုင်စွမ်းရည် by Nyein Way

There is no comment submitted by members..



Read this poem in other languages

This poem has not been translated into any other language yet.

I would like to translate this poem »

word flags

What do you think this poem is about?



Poem Submitted: Monday, December 10, 2012



[Hata Bildir]