ဂျေရုဆလင် အချစ် Poem by San Moe Ngrein

ဂျေရုဆလင် အချစ်

အသားစိမ်းတိချည်းဗျာလ် ​ရောင်း​ရေ လမ်းတလမ်းဟိ​ရေ
ပြီး​ကေ အဝတ်အစားတိ၊ရီမွှီးတိချည်းဗျာလ် ​ရောင်း​ရေ လမ်းတလမ်းဟိ​ရေ
ပြီး​ကေ ဒုက္ခိတတိ၊မျက်ကန်းတိ ၊အနာကြီးတိအပြည့်နန့်လူတိ၊
အ​ကြောဆွဲတိ၊နှုတ်ခမ်းအယွဲ့နန့် လူတိကိုချည်းဗျာလ်
ငါ မြင်ရ​ရေ ရက်​လေ့ဟိ​ရေ

​ဒေမှာ အိမ်တလုံး​ဆောက်ကတ် ထိုမှာ ဖျက်ကတ်​တေ
​ဒေမှာ မြီကို တူးကတ်
ပြီး​ကေ ထိုမှာ အာကာကိုတူးကတ်​​တေ
​ဒေမှာ ထိုင်ကတ် ပြီး​ကေ ထိုမှာ လမ်း​လျှောက်ကတ်​တေ
​ဒေမှာ ချစ်ကတ် ပြီး​ကေ ထိုမှာ မုန်းကတ်​တေ

တိုးရိစ်စာအုပ်​ကြောင့်ဖြစ်ဖြစ် ဘုရားစာအုပ်​ကြောင့်ဖြစ်ဖြစ်
​​ဂျေရုဆလင်ကို ချစ်​တေ လူဆို​စော်က
လိင်ဆက်ဆံပုံလက်စွဲစာအုပ်ကို ကိုင်ပနာ
မိန်းမတ​ယောက်ကို ချစ်​တေလူနန့် တူတူဗျာလ်ရာ။

Love of Jeruslam Yehuda Amichai

COMMENTS OF THE POEM
READ THIS POEM IN OTHER LANGUAGES
Close
Error Success