လောကတက္ကသိုလ်၊သဘာဝဓမ္မနိယာမ
ခန္တာမြို့ပြ၊တဏှာမြို့ပြအင်ဂျင်နီယာတို့၏မာယာလောကရှိ၏။လူတို့ကားထိုမြို့၌ဇာတိ၊ဇရာ၊ဗျာဓိ၊မရဏ၊သညာ
တည်းဟူသော မှတ်တိုင်များကိုတွေ့သိတွေ့ကြုံလျှောက်လှမ်းဆဲဖြစ်၏။
သုံးသပ်ဆင်ခြင်ဝေဖန်သော
ဝိဘဇ္ဇဗေဒ၌သိမှုတည်ဆောက်ရမည်ကိုကား မကြေညက်
ကြပေ။
မေ့နေ၏။
သတိအသိဝင်ချိန်ကား သံဝေဂဗေဒကိုတွေ့ကြုံခံစားချိန်တည်း။
ဇာတိဗေဒကားသံသရာဗေဒတည်း။
၃၂ ကောဠာသ ရုပ်နာမ်ဥပါဒါန်
တို့ဖြစ်တည်ဆောက်ထားသော
ခန္တာမြို့ပြကိုကျွမ်းကျင်သောမြို့ပြအင်ဂျင်နီယာ၏ပစ္စည်းနှင့်ကျွမ်းသောအတတ်ပညာ
တို့ ဖြစ်သော
အဝိဇ္ဇာ၊
၊တဏှာ၊ဒိဌိ၊မာန တို့က
မာယာဗေဒဖြစ်တည်ဆောက်လည်ပတ်စေ၏။
နေ့ည အစွဲဥပါဒါန်ရုပ်နာမ်ဇာတိ ရုပ်ရှင်ပြ၏။
အသိမှား၊အမှတ်မှား၊အယူမှား ရသဗေဒတို့ဖြစ်
စိတ္တသခါ်ရမာယာလောကကားစည်ကား၏။ပွဲလမ်းသဘင်များ၏။
အမှန်ဇာတိကိုမည်သူ
မည်သို့သိနိုင်အံ့နည်း။
လာရာ၊လားရာကိုမည်သို့သိနိုင်အံ့နည်း။
ဖြစ်ပြီးပျက် ပျက်ပြီးဖြစ်သော လောကဓံဗေဒ၏ သိမှုမှသည် အဇ္စျတ္တ
သုခုမ သိမှုဒုက္ခသစ္စာကိုသိမြင်ပိုင်းဖြတ်နိုင်သောသတိပဠာန်ကျင့်စဥ်ကားရှိ၏။
မေတ္တာ၊ကရုဏာ၊ဉပေက္ခာ၊မုဒိတာ တို့နှင့်အတူ
သတိ၊အသိ၊အရှိ တို့၏ယထာဘူတဗေဒနယ်
ကိုဖြတ်သန်းနိုင်သောမြေပုံလမ်းလျှောက်ရ၏။ဤကားဥာဏ်လမ်းတည်
ခြင်းဖြစ်၏။
ကံလမ်း၊စျာန်လမ်း၊ဥာဏ်လမ်း တို့ကိုသဘောပါပြီးနောက်
သိမှုဒုက္ခသစ္စာလမ်းရောက်၏။ထိုမှတဖန်လွတ်မြောက်ရာလမ်း၏ယသိမှုရသဗေဒကိုဝိမုတ္တိရသ
ဟုဆို
၏။
သွေးအလိမ်း၊အရိုး၊အသား၊အရေပြား၊အူသိမ်၊အူမတို့ဖြစ်ခန္တာ
မြို့ပြတည်ဆောက်တဏှာ၊မာန၊
ဒိဠိ လမ်းဖောက်ခြင်းသံသရာလက်သည်ပညာရှင်ကားကိလေသာ
မြို့ပြ
အင်ဂျင်နီယာ
ဗေဒ
ပညာရှင်တည်း။တဏှာမာန
ဒိဠိပညာရှင်တည်း။
ကံမ္မဝဋ်၊ဝိပါကဝဋ်၊ကိလေသဝဋ် ဟူသောဝဋ်သုံး
ရိုလာကို့စတာ၌
လူတို့မျောပါ
နစ်မြုတ်နစ်မွန်း
အစွဲဥပါဒါန် ထိုးဇာတ်များကကြ၏။ရီ၏။ငို၏။ပြုံးပျော်ကြပါ၏။
သိမှုဒုက္ခသစ္စာကို မေ့၏။
သတိအသိဝင်သောအခါ၌ လွတ်မြောက်ခြင်းမြေပုံလမ်းသတိပဌာန်ဗေဒကိုသိတတ်၏။
ဤကားလူတို့၏ ရုပ်နာမ်ခန္တာဗေဒ
လောကသစ္စာတည်း။
အနတ်တ သစ်စာ
ဗဒေ၏
အနန္တ စကြာ်ဝဠာ ပင်တည်း။
ငြိဏ်းဝေ
ရည်ညွှန်းကွန်ဆက်။
*****အနိစ္စ၊ဒု က္ခ ၊အနတ္တ။
This poem has not been translated into any other language yet.
I would like to translate this poem