သစ္စာမစ်သ်truth-Myth Poem by Nyein Way(Maung Maung Thein)

သစ္စာမစ်သ်truth-Myth

ဝိရောဓိမစ်သ်myth

နေဝင်၏။လထွက်၏။ရေသေ၏။ကဗျာရှင်၏။လူသေ၏။နံမည်ရှင်၏။ငွေသေ၏။ဘဝရှင်၏။အရောင်သေ၏။ပန်းချီရှင်၏။လမ်းသေ၏။ပန်းတိုင်ရှင်၏။လေသေ၏။အသက်ရှူမှုရှင်၏။လှုပ်ရှားမှုမရှိ။ငြိမ်ဆိတ်ခြင်းအသက်ရှင်၏။မျက်နှာသေ၏။စိတ်ရှင်၏။ဒေါသသေ၏။မေတ္တာရှင်၏။အမှားသေ၏။အစအမှန်ရှင်၏။
ရေမစီးတော့။ကဗျာစီး၏။
လောကဓံသေ၏။လောကမရှိ
ဥာဏ်သည်သာရှိ၏။

ငြိဏ်းဝေ
(၁၉၆၇/တည်းဖြတ်
၂၀၂၄)

READ THIS POEM IN OTHER LANGUAGES
Close
Error Success