ပုံပြင် (တိုက်ပုံခြုံသော တိရစ္ဆာန်) Poem by George Arkar

ပုံပြင် (တိုက်ပုံခြုံသော တိရစ္ဆာန်)

ဒေါင်းတောင်တွေ တပ်လိုက်ရုံနဲ့
သူ့သရုပ်အမှန်ကို ဖုံးနိုင်ပြီလို့ထင်တဲ့ ပုံပြင်ထဲကကျီးမိုက်လို
ငါတို့ ကြီးမိုက်ကြီးဟာ
ဝတ်ကောင်းစားလှတွေနဲ့ သူ့လက်သည်း‌ကို ဝှက်ဖို့
ကြိုးစားတယ်။

ဒါပေမယ့်...
ငါတို့ဟာ
သည်လိုပုံပြင်တွေကို သင်ယူခဲ့ရတယ်
ငါတို့ဟာ
သည်ပုံပြင်တွေကို ကြေညက်ခဲ့ကြတယ်
ပြီးတော့ ငါတို့ဟာ
သည်လိုပုံပြင်တွေရဲ့အဆုံးသတ်ကို ကိုယ်တိုင်ထုဆစ်နိုင်ကြတယ်။ ။

This is a translation of the poem Fable (An Animal In Taik-Pone) by George Arkar
Monday, August 2, 2021
COMMENTS OF THE POEM
Close
Error Success