လင်္ကာ Poem by Aye Phyu

လင်္ကာ

လင်္ကာဆိုတာ ဘယ်လိုလဲ?
ဘယ်သူသိပါသလဲ?
နှင်းဆီပန်းတစ်ပွင့်တော့မဟုတ်​🌹
နှင်းဆီပန်းရဲ့သင်းရနံ့လေး...
ကောင်းကင်ပြင်လဲမဟုတ်ပြန် 🌫
ကောင်းကင်ထက်က အလင်းမှန်
ပိုးစုန်း​​ကြူးလဲမဟုတ်ပြန်
သူ့ရဲ့ ဖျော့တော့​တော့အလင်းမှန်
ပင်လယ်ပြင်ကြီးမဟုတ်ပြန် 🌅
ပင်လယ်ပြင်ရဲ့ လှိုင်းပုတ်သံ
ငါကိုယ်တိုင်လဲ မဖန်ဆင်းပြန် 🙅
သို့ပေသော်ငြား ပြုလုပ်ထား
မြင်ကြား ထိတွေ့ ခံစား👁👁👂

စကားပြေဖြင့်တော့ မစွမ်းနိုင်
အဲဒီအရာဘာပါလဲ ဘယ်သူတွေများ
သိပါမလဲ...❓

Translated by
Aye P🍄

လင်္ကာ
This is a translation of the poem Poetry by Eleanor Farjeon
Monday, July 17, 2023
COMMENTS OF THE POEM
Close
Error Success