Nyein Way

Rookie - 110 Points (19.1.1962 / Yangon)

A Laughable Charms - Poem by Nyein Way

ရယ်စရာ အမြုတေ ရတဲ့နေ့

ဲ(ကံကောင်းတာလား။ ကံဆိုးတာလား။ ကျွန်ုပ်မသိတော့ပြီ။)

သတ္တုတွင်းနက်ထဲ သူဝင်သွားတော့

နှုန်းမြန်မြန်နဲ့ နုန်းမြေခြေထိတိုင်

တုံးပိတ်မှောင်မှောင်

မှောင်ရာက နက်မှောင်လာခဲ့

သူပြန်ထွက်လာတော့

အလင်းတုန်းတစ်တုန်းကိုင်လျှက် လင်းလက်လက်

သူ့ခန္ဓာ အသားမရှိ

အရိုးစုတွန်သံ ကဗျာမာန်

မြေပေါ် ပျိုသော်လည်းပဲ ပြိုလဲကျ

ပရမာအနုမြူမှုန် ကြဲချလိုက်တဲ့ည

ရယ်စရာ အမြုတေ

ကမ္ဘာပြည် ကမ္ဘာသားအတွက်ဝေ

အရိုးစုတွန်သံ ကှောလမ်းမှာ

မြေပေါ်ပျိုသော်လည်း

လဲကျ ခဲ့ပြီ

ရယ်စရာ
အမြုတေ။

(ကံကောင်းတာလား။ ကံဆိုးတာလား။ ကျွန်ုပ်မသိတော့ပြီ။)

ပျင်းပျင်းနဲ့

'Louder than a bomb''ဗုံးတစ်လုံးထက်အောင် ပိုကျယ်သေးတယ်'

ဆိုတဲ့ 'Slam poetry'စလမ်းကဗျာခွေ

ထိုးကြည့်တော့

no sound
အသံတိတ်ရုပ်ရှင်

ရယ်စရာအမြုတေ။ ။


Comments about A Laughable Charms by Nyein Way

There is no comment submitted by members..



Read this poem in other languages

This poem has not been translated into any other language yet.

I would like to translate this poem »

word flags

What do you think this poem is about?



Poem Submitted: Sunday, October 7, 2012



[Hata Bildir]