Nyein Way (19.1.1962 / Yangon)
School in My Bosom Heart
ရင်ထဲက ကျောင်းတော်ကွန်ဆက်ချုရယ်uncreativeကဗျာ
လူတ ယောက်ရဲ့ ဘ၀မှာ တစိမ့်စိမ့်နဲ့ ပြန်လည်လွမ်းဆွတ်မိတတ်တဲ့ ဘ၀ဟာ ကျောင်းသားဘ၀လို့ ဆိုလေ့ရှိကြပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘ၀တွေက အစပြုလို့ တက္ကသိုလ်ကျောင်းသားဘ၀ တွေအထိ ကျောင်းသားဘဝ
ရဲ့ အမှတ်တရတွေက ရင်ထဲမှာ အတိုင်းအတာ တခုအထိ နေရာယူထားတတ်ပါတယ်။ ကျမရဲ့ ရင်ထဲ မှာ ဒီလိုနေရာယူထားတဲ့ ကျောင်းသားဘ၀လေးတခု ရှိပါတယ်။
တခါက ဥရောပတိုက်၊ နိုင်ငံတနိုင်ငံမှာ ပြုလုပ်တဲ့ လူထုဖိုရမ်တခုကို ကျမ သွားတက်ဖြစ်ခဲ့ပါတယ်။ ဒီလိုဖိုရမ်တွေမှာ ကမ္ဘာအနှံ့က လူထုလှုပ်ရှားမှု တက်ကြွသူတွေ အစုံအလင် တက်ရောက်ကြပါတယ်။ သိန်းပေါင်းများစွာသော ကမ္ဘာတ ၀ှမ်းက လူတွေစုစည်းပြီး ကျားမတန်းတူညီမျှမှုအရေး၊ ကမ္ဘာ့ပတ်ဝန်းကျင်အရေး၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုတရားမျှတမှုအရေး စတဲ့ ကဏ္ဍမျိုးစုံကို ဟောပြောပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ကင်ပိန်းတွေ ပြုလုပ်ပြီး ပညာပေးမျှဝေတာ၊ လူထုအင်အားပြတာတွေ ပြုလုပ်ကြပါတယ်။ ကမ္ဘာ့စီးပွားရေးကို နိုင်ငံကြီးတချို့ကပဲ ချုပ် ကိုင်ထားတာတွေ၊ ကမ္ဘာ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဖိုရမ်ကျင်းပရာ နေရာတ၀ိုက် မှာ လှည့်လည်ဆန္ဒထုတ်ဖော် ကြတာတွေရှိသလို၊ လမ်းလျှောက်ချီတက်ပွဲတွေနဲ့ ဆန္ဒထုတ်ဖော်တာ၊ တနေရာမှာ စုဝေး ဟောပြောတာတွေလဲ ပြုလုပ်ကြပါတယ်။ ဒီလိုဖိုရမ်တခုမှာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ပြီး၊ စုဝေးကြချိန်မှာ မမျှော်လင့် ဘဲ ကျမရဲ့ နာမည်ကို မိုင်ခရိုးဖုန်းကနေ ခေါ်သံထွက်လာပါတယ်။ စင်ပေါ်လှမ်းကြည့်လိုက်တော့ အီတလီက သူငယ် ချင်း။ သူခေါ်လို့သာ စင်ပေါ်ရောက်သွားပါတယ်။ ဘာပြောရမယ်မှန်း စင်ပေါ်ရောက်ချိန်အထိ ကျမ မသိပါဘူး။ များသော အားဖြင့် လူထုစည်းဝေးပွဲတွေ၊ အစည်းအဝေးတွေမှာ စကားပြောရမယ်ဆိုတိုင်း အရေးကြီးတဲ့ အချက်အလက်တွေ မကျန်ရစ်အောင် ကြိုတင်ပြင်ဆင်လေ့ရှိတာကြောင့် ပြင်ဆင်ထားမှု မရှိဘဲ ရုတ်တရက် သိန်းပေါင်းများစွာသော လူအုပ် ကြီးရှေ့ရောက်သွားချိန်မှာ အနည်းငယ် လန့်နေမိပါသေးတယ်။
ဒါပေမယ့် အံ့သြဖွယ်ကောင်းလောက်အောင်ကို ကျမရဲ့ အတွေးထဲမှာ အထက (၄) က ရုတ်ချည်း ၀င်လာခဲ့ပါတယ်။ မူလတန်းတုန်းက အဖြစ်အပျက်ကလေးပါ။ ကျမတို့ကျောင်းရဲ့ မူလတန်းဆောင်တွေဘက်မှာ ကွင်းပြင်လေးတခုရှိပါ တယ်။ အဆောင်တခုနဲ့ တခုကြားမှာ မြေမညီတာကြောင့် ကွင်းပြင်လေးကနေ သုံးတန်းဆောင်လို့ ပြောလေ့ရှိကြတဲ့ ကျောင်းဆောင်အိုကြီးတခုဘက်ကို သွားရင် လှေကားထစ် အမြင့်ကြီးတွေကို တက်သွားရပါတယ်။ ကျမ နှစ်တန်းတုန်း က ကျောင်းမှာ ကဗျာရွတ်ပြိုင်ပွဲတခုလုပ်ပါတယ်။ ကဗျာရွတ်မယ့်သူက အဲဒီလှေကားထိပ်ကနေ ရွတ်ရပါတယ်။ ပရိတ် သတ်ကတော့ ကွင်းပြင်လေးမှာ ထိုင်ပြီးနားထောင်ကြရတယ်။ အဲဒီပြိုင်ပွဲတုန်းက အတန်းပိုင်ဆရာမ၊ ဒေါ်ခင်ခင်စိုးက လှေကားပေါ်မတက်ခင်မှာ မကြောက်ဖို့ ပြောခဲ့ဖူးပါတယ်။ ဆရာမရဲ့ အားပေးစကားကြောင့် အားတင်းပြီး လှေကားထိပ် ကနေ ပရိသတ်ကို ကဗျာရွတ်ပြခဲ့ဖူးပါတယ်။ ဒီအဖြစ်အပျက်ကို ကျမ သတိသွားရလိုက်ပါတယ်။ ဒီလို သတိရစိတ်နဲ့အတူ ကဗျာတပုဒ်ကို ကျမ စရွတ်လိုက်ပါတယ်။ ကျမ နာမည်ခေါ်ပြီး မိတ်ဆက်ပေးစဉ်တုန်းက ကျမနာမည် ရှေ့စာလုံးလေးကို ခေါ်ပြီး အားပေးအော်ဟစ်နေတဲ့ ပရိသတ်ကြီးက ကဗျာလေးထဲမှာ စတင် နစ်ဝင်သွားပါတယ်။ အဲဒီမှာတင် ကျမ သိလိုက် ပါပြီ။ ပရိသတ်ရဲ့ စိတ်ဝင်စားမှုက ကိုယ့်အပေါ်မှာ နစ်မြောလာပြီဆိုတာကို သိတာနဲ့ တပြိုင်နက် လူထုကို စကားပြောနေ သူတယောက်ရဲ့ အရှိန်ကလဲ မြင့်တက်လာလေ့ရှိစမြဲ။
နောက်တခါကတော့ ယူကေနိုင်ငံ၊ စကော့တလန်နယ်၊ ဂလက်စဂိုမြို့မှာ ဖြစ်ပါတယ်။ မြန်မာအရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ တ၀ှမ်းက ကမ္ဘာ့ပြည်သူတွေက သွေးစည်းညီညွတ်မှုကို ပြသခဲ့ကြတဲ့ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလကပါ။ ဂလက်စဂို မြို့လယ်ခေါင်က ရင်ပြင်မှာ မြို့လူထုက စုဝေးရောက်ရှိလာပါတယ်။ ရာဂဏာန်းသာ ခန့်မှန်းထားပေမယ့် တီဗွီသတင်း ဌာနတွေအပါအ၀င် လူအများစုဝေးလာကြတာ ထောင်ဂဏာန်းဖြစ်သွားပါတယ်။ နိုင်ငံခြားသားတွေ ရှေ့ကနေ ပြောသွား ကြတာမှာ မြန်မာက ပြောမယ်ဆိုတော့ လူထုက ငြိမ်ကျသွားပါတယ်။ အဲဒီတုန်းက အခြေအနေက လူထုကြီးကို စိတ် အားတက်ကြွစွာနဲ့ တင်ပြဖို့ ကောင်းတဲ့ ကိစ္စမဟုတ်။ မြန်မာ့အရေးကို စိတ်ဝင်စားသူတွေကို ကျေးဇူးတင်ကြောင်းကိုလဲ ပြသဖို့လိုသလို၊ winning the hearts and minds strategy ကို အသုံးပြုရမယ့် အခြေအနေလဲ ဖြစ်ပါတယ်။ ဒီအတွက် စိတ်ခံစားမှုကို ထင်ဟပ်ပြရင်း၊ ကိုယ်ပေးချင်တဲ့ သတင်းစကားကို ထိရောက်အောင် ပေးနိုင်ဖို့လိုပါတယ်။
လူတိုင်း အခြေခံစစ်ပညာ သင်ကြားတတ်မြောက်ထားသင့်တယ်လို့ မဆိုချင်ပါဘူး။ဒါပေမယ့် အခြေခံစစ်ပညာ သင်ကြား တတ်မြောက်ထားခြင်းအားဖြင့် ရရှိတဲ့ အကျိုးကျေးဇူးတွေကလဲ အများအပြားရှိပါတယ်။ လူတွေရဲ့ လှုပ်ရှားမှုတွေက ကွဲ ပြားခြားနားလေ့ရှိပါတယ်။ လူတယောက်တည်းမှာတောင် မျဉ်းတကြောင်းထဲကို ဖြောင့်ဖြောင့် မလျှောက်နိုင်သူတွေလဲ ရှိပါတယ်။ ဒီလို ကွဲပြားခြားနားတဲ့ လူအများကို အလုပ်တခုမှာ စုစည်းလုပ်တတ်လာအောင် အခြေခံစစ်ပညာက လုပ် ဆောင်ပေးနိုင်ပါတယ်။ ရှေ့ကြည့်၊ ညာညှိဆိုတာကို အမိန့်တခုရဲ့ အောက်မှာလုပ်ဆောင်ခြင်းလို့ တဘက်က ဆိုနိုင်သ လို၊ အခြားတဘက်ကနေလဲ ကွဲပြားခြားနားမှုတွေကို ချိန်ဆညှိနှိုင်းခြင်းလို့လဲ မှတ်ယူနိုင်ပါတယ်။ လုပ်ငန်းခွင်တွေမှာ လူအများနဲ့ ပူးတွဲပြီး၊ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်ရလေ့ ရှိတာကြောင့် teamwork skills ကို လိုအပ်ချက်တခုအနေနဲ့ ထည့်သွင်းထားတတ်ကြပါတယ်။ အခြေခံစစ်ပညာက ဒီအရည်အချင်းကို ပံ့ပိုးပေးပါတယ်။
အမိန့်ပေးခြင်း၊ အမိန့်နာခံခြင်းဆိုတာ နေရာတိုင်းအတွက် မကောင်းပေမယ့်၊ အသုံးဝင်တဲ့ နေရာတွေလဲ အများအပြားရှိပါ တယ်။ လူအများနဲ့ လုပ်ဆောင်တဲ့ အလုပ်တွေမှာ အမိန့်ဆန်ဆန်ကြီး မဟုတ်ရင်တောင် စီမံခန့်ခွဲမှုရှိဖို့တော့ လိုအပ်ပါ တယ်။ ဒီစီမံခန့်ခွဲရေးရဲ့ အဓိက တာဝန်တွေထဲမှာ leadership နဲ့ command and control ကလဲ အတိုင်းအတာတခု အထိတော့ ပါဝင်ပတ်သက်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအဆင့်မီ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့လွန်သင်တန်း (အမ်ဘီ အေ) သင်တန်းတွေမှာ leadership ကို ဘာသာရပ် တခုအနေနဲ့တောင် ထည့်သွင်းသင်ကြားပေးလေ့ ရှိကြပါတယ်။ ဒီလို ဦးဆောင်မှု၊ အမိန့်နာခံမှု၊ အမိန့်ပေးမှု အရည်အချင်းတွေ၊ အစုအဖွဲနဲ့ ပူးတွဲလုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေကို အထ က (၄) ၊ တောင်ကြီးရဲ့ ဘင်ခရာအဖွဲ့မှာ စတင်ဆည်းပူးလေ့ကျင့်ခွင့် ရရှိခဲ့ပါတယ်။
ကျမတို့ ခြောက်တန်းမှာတုန်းက ဘင်ခရာသင်တန်းတွေ ကျောင်းမှာ ဖွင့်တော့ မောမှာစိုးလို့ စိန်ပြေးတမ်းတောင် မကစား တဲ့ ကျမက မတက်ချင်ခဲ့ပါဘူး။ ဒါပေမယ့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးချစ်က အေတခန်းလုံး ပါရမယ်လို့ ဆိုထား ကြောင်း ဆရာမတွေက ပြောကြပါတယ်။ ကျန်းမာရေးမကောင်းသူအချို့ကလွဲလို့ တော်တော်များများပါတာကြောင့် မ လွန်ဆန်သာဘဲ ပါလိုက်ရပါတယ်။ နေပူကြီးထဲမှာ အခြေခံစစ်ပညာသင်တန်း တက်ကြရပါတယ်။ သက်သာ၊ အေးစေ က အစပြုလို့ အုပ်စုလိုက် ချီတက်လမ်းလျှောက်တာ၊ အလေးပြုတာတွေကိုပါ သင်ကြရပါတယ်။ နောက်ပိုင်းကျတော့ ဘင်ခ ရာသင်တန်းကို ဆက်တက်ကြရပါတယ်။ ကျမက ပလွေမှုတ်ရပါတယ်။ ဘင်ခရာအဖွဲ့မှာ နှစ်နှစ်တာ ပါဝင်ခဲ့ရတဲ့ အတွေ့ အကြုံလေးတွေဟာ အသင်းအဖွဲ့နဲ့ ပတ်သက်ပြီး ညှိနှိုင်းလုပ်ဆောင်တတ်တဲ့ အရည်အချင်းတွေ၊ ကိုယ်တယောက်တည်း ကောင်းလို့ မရဘဲ တသင်းလုံးကောင်းဖို့ အရေးကြီးတယ်ဆိုတဲ့ အသင်းအဖွဲ့ စိတ်ဓာတ်တွေ၊ ညီညွတ်မှုတွေ၊ ကိုယ်စားပြု ဆောင်ရွက်တတ်မှု အရည်အချင်းတွေကို တိုးစေခဲ့ပါတယ်။
အပြိုင်အဆိုင်စိတ်ရှိတာက မကောင်းပေမယ့် ကိုယ်စားပြုစိတ် ရှိတာကတော့ ကောင်းတယ်လို့ ကျမယူဆပါတယ်။ မြို့ နယ်၊ ခရိုးင်၊ ပြည်နယ်၊ ဗဟိုအဆင့် ပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်ရခါနီးတိုင်း ဆရာမကြီး ဒေါ်အေးချစ်ကမှာတဲ့ စကားတခွန်းရှိပါတယ်။ ကျောင်းဂုဏ်ဆောင်နိုင်အောင် ကြိုးစား ဆိုတဲ့ စကားပါ။ ဒီစကားက ကျမအတွက်တော့ အလွန် အရေးကြီးခဲ့ပါတယ်။ အထက (၄) အတွက် ပထမဆုရအောင် ယူခဲ့ပါမယ် ဆိုတဲ့ စကားကို အကြိမ်ပေါင်းမြောက်မြားစွာ ကျမ ပြန်ပြောခဲ့ဖူးပါတယ်။ အပြောနဲ့ အလုပ်ညီဖို့ကိုလဲ အကြိမ်များစွာ ကြိုးစားခဲ့ဖူးပါတယ်။ ဒီလို ကိုယ်စားပြုစိတ်ကို ကျောင်းတော်ကြီးက ခွဲခွာပြီးချိန်မှာလဲ ကျမဆက်လက်သယ်ယူသွားခဲ့ပါတယ်။ အချိန်ကာလ၊ အခြေအနေတွေအရ နိုင် ငံရပ်ခြားရောက်သွားချိန်မှာ အထက (၄) ကနေ၊ မြန်မာနိုင်ငံကို ကိုယ်စားပြုမှုဆီကို ထပ်ဆင့် ရွေ့လျောသွားခဲ့ပါတယ်။ ပညာသင်ယူချိန်မှာ မြန်မာကျောင်းသား၊ ပညာသင်ကြားပေးချိန်မှာ မြန်မာဆရာမ၊ အခြားအလုပ်ခွင်တွေမှာ မြန်မာလူမျိုး ဆိုတာကို ကျမရဲ့ ရင်ထဲမှာ ကိုယ်စားပြုဖြစ်သွားပါတယ်။
လေးတန်းတုန်းကပါ။ ကျမက လေးတန်းဘီမှာ တက်ရပါတယ်။ အတန်းပိုင်ဆရာမက ဆရာမဒေါ်ခင်ငြိမ်းပါ။ ဆရာမနဲ့က တော်တော်ကို ရင်းနှီးပါတယ်။ စာကြိုးစားတဲ့ ကျမတို့ရှေ့ဆုံးတန်းက မိန်းကလေးတွေကို ဆရာမကလဲ ချစ်ပါတယ်။ တော်တော်အလိုလိုက်တာပါ။ မုန့်လဲ ၀ယ်ကျွေးတတ်ပါသေးတယ်။ လေးတန်း ပထမနှစ်မှာ ရှစ်လေးလုံးအရေးတော်ပုံနဲ့ ကြုံပြီး ကျောင်းပိတ်သွားတာမို့ နှစ်နှစ်လောက် ဆရာမနဲ့ တွေ့လိုက်ရတာလဲ ပါမယ် ထင်ပါတယ်။ တနေ့တော့ ဆရာမက အင်္ဂလိပ်စာ meanings တွေ ကျက်လာခိုင်းပါတယ်။ ကျမ မကျက်သွားမိပါဘူး။ စာမကျက်လာရင် ရိုးက်မယ်လို့ ပြော ထားဖူးပေမယ့် ရင်းနှီးနေတော့ တကယ်ရိုးက်မယ်လို့ မထင်ထားပါဘူး။ ဒါပေမယ့် ဆရာမက တကယ်ကို ရိုက်တာကြောင့် လေးတန်းကျောင်းသူ ထုံးစံအတိုင်း ဆရာမကို စိတ်ကောက်လိုက်ပါတော့တယ်။ ဆရာမကလဲ သိပါတယ်။ ဒါပေမယ့် မသိချင်ယောင်ဆောင်နေပါတယ်။ ကျမလဲ မပေါ့ရဲတော့ပါဘူး။ စာသေချာကျက်ဖြစ် ပါတယ်။ ဒီတုန်းက အေခန်းနဲ့ ဘီ ခန်းက အမှတ်ပေါင်းပြိုင်နေကျပါ။ စာမေးပွဲတခုမှာ အေခန်းထက် အမှတ်ပေါင်း ပိုများသွားတာကြောင့် ဆရာမက အင်္ဂ လိပ်စာသဒ္ဒါစာအုပ်အတွဲလေးကို ဆုပေးပါတယ်။ ပြီးတော့ ပြောပါတယ်။ "ဆရာဆိုတာ ကျောသား၊ ရင်သားမခွဲရဘူး။ ဆုပေးစရာရှိရင်ပေးရတယ်၊ ဒဏ်ပေးစရာရှိလဲ ပေးရမှာပဲ"တဲ့။
"ဒီအရွယ်လေးမှာကတည်းက စာကို စိတ်မ၀င်စားရင် ဘ၀ပျက်သွားမှာပေါ့။ ကိုယ့်ဘ၀ကိုယ် တန်ဖိုးမထားရင် ဘယ်သူက လာထားမှာလဲ"တဲ့။ ဒီစကား ရဲ့ လေးနက်မှုကို အခုအချိန်မှာ သေချာတွေးမိလာပါတယ်။ ဒီတုန်းကလဲ ကျမကို ထိသွားစေတယ် ထင်ပါရဲ့။ ခြောက် တန်းနှစ် အတန်းတင်စာမေးပွဲကြီးမှာ တကျောင်းလုံး အဆင့်နှစ်ရသွားခဲ့ပါတယ်။
တကယ်တော့ တောင်ကြီး အထက (၄) ကျောင်းတော်ကြီးနဲ့ ဆရာ၊ ဆရာမတွေက ပေးအပ်ခဲ့တဲ့ အသိပညာ၊ အတတ် ပညာတွေ၊ အရည်အချင်းတွေ၊ ဆုံးမစကားတွေက များပြားလှပါတယ်။ ဒီစာလေးတပုဒ်ထဲနဲ့ ပြီးပြည့်စုံအောင် ဖော်ကျူး နိုင်မှာ မဟုတ်ပါဘူး။ သေချာတာကတော့ ကျောင်းတော်ကြီးဟာ ကျမရဲ့ ရင်ထဲမှာ အမြဲတမ်းနေရာယူပြီးသား ဖြစ်နေ သလို၊ မြတ်ဆရာတို့ရဲ့ ဂုဏ်ကျေးဇူးတွေကိုလဲ ထာဝစဉ် အောက်မေ့ သတိရနေမိမယ် ဆိုတာပါပဲ။
Taken and made from the article by ခင်မမမျိုး (၂၀၊ ၁၀၊ ၂၀၁၂) (Face Book)
Photo: ရင်ထဲက ကျောင်းတော်ကွန်ဆက်ချုရယ်uncreativeကဗျာ လူတယောက်ရဲ့ ဘ၀မှာ တစိမ့်စိမ့်နဲ့ ပြန်လည်လွမ်းဆွတ်မိတတ်တဲ့ ဘ၀ဟာ ကျောင်းသားဘ၀လို့ ဆိုလေ့ရှိကြပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘ၀တွေက အစပြုလို့ တက္ကသိုလ်ကျောင်းသားဘ၀ တွေအထိ ကျောင်းသားဘ၀ရဲ့ အမှတ်တရတွေက ရင်ထဲမှာ အတိုင်းအတာ တခုအထိ နေရာယူထားတတ်ပါတယ်။ ကျမရဲ့ ရင်ထဲ မှာ ဒီလိုနေရာယူထားတဲ့ ကျောင်းသားဘ၀လေးတခု ရှိပါတယ်။ တခါက ဥရောပတိုက်၊ နိုင်ငံတနိုင်ငံမှာ ပြုလုပ်တဲ့ လူထုဖိုရမ်တခုကို ကျမ သွားတက်ဖြစ်ခဲ့ပါတယ်။ ဒီလိုဖိုရမ်တွေမှာ ကမ္ဘာအနှံ့က လူထုလှုပ်ရှားမှု တက်ကြွသူတွေ အစုံအလင် တက်ရောက်ကြပါတယ်။ သိန်းပေါင်းများစွာသော ကမ္ဘာတ ၀ှမ်းက လူတွေစုစည်းပြီး ကျားမတန်းတူညီမျှမှုအရေး၊ ကမ္ဘာ့ပတ်ဝန်းကျင်အရေး၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုတရားမျှတမှုအရေး စတဲ့ ကဏ္ဍမျိုးစုံကို ဟောပြောပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ကင်ပိန်းတွေ ပြုလုပ်ပြီး ပညာပေးမျှဝေတာ၊ လူထုအင်အားပြတာတွေ ပြုလုပ်ကြပါတယ်။ ကမ္ဘာ့စီးပွားရေးကို နိုင်ငံကြီးတချို့ကပဲ ချုပ် ကိုင်ထားတာတွေ၊ ကမ္ဘာ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဖိုရမ်ကျင်းပရာ နေရာတ၀ိုက် မှာ လှည့်လည်ဆန္ဒထုတ်ဖော် ကြတာတွေရှိသလို၊ လမ်းလျှောက်ချီတက်ပွဲတွေနဲ့ ဆန္ဒထုတ်ဖော်တာ၊ တနေရာမှာ စုဝေး ဟောပြောတာတွေလဲ ပြုလုပ်ကြပါတယ်။ ဒီလိုဖိုရမ်တခုမှာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ပြီး၊ စုဝေးကြချိန်မှာ မမျှော်လင့် ဘဲ ကျမရဲ့ နာမည်ကို မိုင်ခရိုးဖုန်းကနေ ခေါ်သံထွက်လာပါတယ်။ စင်ပေါ်လှမ်းကြည့်လိုက်တော့ အီတလီက သူငယ် ချင်း။ သူခေါ်လို့သာ စင်ပေါ်ရောက်သွားပါတယ်။ ဘာပြောရမယ်မှန်း စင်ပေါ်ရောက်ချိန်အထိ ကျမ မသိပါဘူး။ များသော အားဖြင့် လူထုစည်းဝေးပွဲတွေ၊ အစည်းအဝေးတွေမှာ စကားပြောရမယ်ဆိုတိုင်း အရေးကြီးတဲ့ အချက်အလက်တွေ မကျန်ရစ်အောင် ကြိုတင်ပြင်ဆင်လေ့ရှိတာကြောင့် ပြင်ဆင်ထားမှု မရှိဘဲ ရုတ်တရက် သိန်းပေါင်းများစွာသော လူအုပ် ကြီးရှေ့ရောက်သွားချိန်မှာ အနည်းငယ် လန့်နေမိပါသေးတယ်။ ဒါပေမယ့် အံ့သြဖွယ်ကောင်းလောက်အောင်ကို ကျမရဲ့ အတွေးထဲမှာ အထက (၄) က ရုတ်ချည်း ၀င်လာခဲ့ပါတယ်။ မူလတန်းတုန်းက အဖြစ်အပျက်ကလေးပါ။ ကျမတို့ကျောင်းရဲ့ မူလတန်းဆောင်တွေဘက်မှာ ကွင်းပြင်လေးတခုရှိပါ တယ်။ အဆောင်တခုနဲ့ တခုကြားမှာ မြေမညီတာကြောင့် ကွင်းပြင်လေးကနေ သုံးတန်းဆောင်လို့ ပြောလေ့ရှိကြတဲ့ ကျောင်းဆောင်အိုကြီးတခုဘက်ကို သွားရင် လှေကားထစ် အမြင့်ကြီးတွေကို တက်သွားရပါတယ်။ ကျမ နှစ်တန်းတုန်း က ကျောင်းမှာ ကဗျာရွတ်ပြိုင်ပွဲတခုလုပ်ပါတယ်။ ကဗျာရွတ်မယ့်သူက အဲဒီလှေကားထိပ်ကနေ ရွတ်ရပါတယ်။ ပရိတ် သတ်ကတော့ ကွင်းပြင်လေးမှာ ထိုင်ပြီးနားထောင်ကြရတယ်။ အဲဒီပြိုင်ပွဲတုန်းက အတန်းပိုင်ဆရာမ၊ ဒေါ်ခင်ခင်စိုးက လှေကားပေါ်မတက်ခင်မှာ မကြောက်ဖို့ ပြောခဲ့ဖူးပါတယ်။ ဆရာမရဲ့ အားပေးစကားကြောင့် အားတင်းပြီး လှေကားထိပ် ကနေ ပရိသတ်ကို ကဗျာရွတ်ပြခဲ့ဖူးပါတယ်။ ဒီအဖြစ်အပျက်ကို ကျမ သတိသွားရလိုက်ပါတယ်။ ဒီလို သတိရစိတ်နဲ့အတူ ကဗျာတပုဒ်ကို ကျမ စရွတ်လိုက်ပါတယ်။ ကျမ နာမည်ခေါ်ပြီး မိတ်ဆက်ပေးစဉ်တုန်းက ကျမနာမည် ရှေ့စာလုံးလေးကို ခေါ်ပြီး အားပေးအော်ဟစ်နေတဲ့ ပရိသတ်ကြီးက ကဗျာလေးထဲမှာ စတင် နစ်ဝင်သွားပါတယ်။ အဲဒီမှာတင် ကျမ သိလိုက် ပါပြီ။ ပရိသတ်ရဲ့ စိတ်ဝင်စားမှုက ကိုယ့်အပေါ်မှာ နစ်မြောလာပြီဆိုတာကို သိတာနဲ့ တပြိုင်နက် လူထုကို စကားပြောနေ သူတယောက်ရဲ့ အရှိန်ကလဲ မြင့်တက်လာလေ့ရှိစမြဲ။ နောက်တခါကတော့ ယူကေနိုင်ငံ၊ စကော့တလန်နယ်၊ ဂလက်စဂိုမြို့မှာ ဖြစ်ပါတယ်။ မြန်မာအရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ တ၀ှမ်းက ကမ္ဘာ့ပြည်သူတွေက သွေးစည်းညီညွတ်မှုကို ပြသခဲ့ကြတဲ့ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလကပါ။ ဂလက်စဂို မြို့လယ်ခေါင်က ရင်ပြင်မှာ မြို့လူထုက စုဝေးရောက်ရှိလာပါတယ်။ ရာဂဏာန်းသာ ခန့်မှန်းထားပေမယ့် တီဗွီသတင်း ဌာနတွေအပါအ၀င် လူအများစုဝေးလာကြတာ ထောင်ဂဏာန်းဖြစ်သွားပါတယ်။ နိုင်ငံခြားသားတွေ ရှေ့ကနေ ပြောသွား ကြတာမှာ မြန်မာက ပြောမယ်ဆိုတော့ လူထုက ငြိမ်ကျသွားပါတယ်။ အဲဒီတုန်းက အခြေအနေက လူထုကြီးကို စိတ် အားတက်ကြွစွာနဲ့ တင်ပြဖို့ ကောင်းတဲ့ ကိစ္စမဟုတ်။ မြန်မာ့အရေးကို စိတ်ဝင်စားသူတွေကို ကျေးဇူးတင်ကြောင်းကိုလဲ ပြသဖို့လိုသလို၊ winning the hearts and minds strategy ကို အသုံးပြုရမယ့် အခြေအနေလဲ ဖြစ်ပါတယ်။ ဒီအတွက် စိတ်ခံစားမှုကို ထင်ဟပ်ပြရင်း၊ ကိုယ်ပေးချင်တဲ့ သတင်းစကားကို ထိရောက်အောင် ပေးနိုင်ဖို့လိုပါတယ်။ လူတိုင်း အခြေခံစစ်ပညာ သင်ကြားတတ်မြောက်ထားသင့်တယ်လို့ မဆိုချင်ပါဘူး။ဒါပေမယ့် အခြေခံစစ်ပညာ သင်ကြား တတ်မြောက်ထားခြင်းအားဖြင့် ရရှိတဲ့ အကျိုးကျေးဇူးတွေကလဲ အများအပြားရှိပါတယ်။ လူတွေရဲ့ လှုပ်ရှားမှုတွေက ကွဲ ပြားခြားနားလေ့ရှိပါတယ်။ လူတယောက်တည်းမှာတောင် မျဉ်းတကြောင်းထဲကို ဖြောင့်ဖြောင့် မလျှောက်နိုင်သူတွေလဲ ရှိပါတယ်။ ဒီလို ကွဲပြားခြားနားတဲ့ လူအများကို အလုပ်တခုမှာ စုစည်းလုပ်တတ်လာအောင် အခြေခံစစ်ပညာက လုပ် ဆောင်ပေးနိုင်ပါတယ်။ ရှေ့ကြည့်၊ ညာညှိဆိုတာကို အမိန့်တခုရဲ့ အောက်မှာလုပ်ဆောင်ခြင်းလို့ တဘက်က ဆိုနိုင်သ လို၊ အခြားတဘက်ကနေလဲ ကွဲပြားခြားနားမှုတွေကို ချိန်ဆညှိနှိုင်းခြင်းလို့လဲ မှတ်ယူနိုင်ပါတယ်။ လုပ်ငန်းခွင်တွေမှာ လူအများနဲ့ ပူးတွဲပြီး၊ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်ရလေ့ ရှိတာကြောင့် teamwork skills ကို လိုအပ်ချက်တခုအနေနဲ့ ထည့်သွင်းထားတတ်ကြပါတယ်။ အခြေခံစစ်ပညာက ဒီအရည်အချင်းကို ပံ့ပိုးပေးပါတယ်။ အမိန့်ပေးခြင်း၊ အမိန့်နာခံခြင်းဆိုတာ နေရာတိုင်းအတွက် မကောင်းပေမယ့်၊ အသုံးဝင်တဲ့ နေရာတွေလဲ အများအပြားရှိပါ တယ်။ လူအများနဲ့ လုပ်ဆောင်တဲ့ အလုပ်တွေမှာ အမိန့်ဆန်ဆန်ကြီး မဟုတ်ရင်တောင် စီမံခန့်ခွဲမှုရှိဖို့တော့ လိုအပ်ပါ တယ်။ ဒီစီမံခန့်ခွဲရေးရဲ့ အဓိက တာဝန်တွေထဲမှာ leadership နဲ့ command and control ကလဲ အတိုင်းအတာတခု အထိတော့ ပါဝင်ပတ်သက်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအဆင့်မီ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့လွန်သင်တန်း (အမ်ဘီ အေ) သင်တန်းတွေမှာ leadership ကို ဘာသာရပ် တခုအနေနဲ့တောင် ထည့်သွင်းသင်ကြားပေးလေ့ ရှိကြပါတယ်။ ဒီလို ဦးဆောင်မှု၊ အမိန့်နာခံမှု၊ အမိန့်ပေးမှု အရည်အချင်းတွေ၊ အစုအဖွဲနဲ့ ပူးတွဲလုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေကို အထ က (၄) ၊ တောင်ကြီးရဲ့ ဘင်ခရာအဖွဲ့မှာ စတင်ဆည်းပူးလေ့ကျင့်ခွင့် ရရှိခဲ့ပါတယ်။ ကျမတို့ ခြောက်တန်းမှာတုန်းက ဘင်ခရာသင်တန်းတွေ ကျောင်းမှာ ဖွင့်တော့ မောမှာစိုးလို့ စိန်ပြေးတမ်းတောင် မကစား တဲ့ ကျမက မတက်ချင်ခဲ့ပါဘူး။ ဒါပေမယ့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးချစ်က အေတခန်းလုံး ပါရမယ်လို့ ဆိုထား ကြောင်း ဆရာမတွေက ပြောကြပါတယ်။ ကျန်းမာရေးမကောင်းသူအချို့ကလွဲလို့ တော်တော်များများပါတာကြောင့် မ လွန်ဆန်သာဘဲ ပါလိုက်ရပါတယ်။ နေပူကြီးထဲမှာ အခြေခံစစ်ပညာသင်တန်း တက်ကြရပါတယ်။ သက်သာ၊ အေးစေ က အစပြုလို့ အုပ်စုလိုက် ချီတက်လမ်းလျှောက်တာ၊ အလေးပြုတာတွေကိုပါ သင်ကြရပါတယ်။ နောက်ပိုင်းကျတော့ ဘင်ခ ရာသင်တန်းကို ဆက်တက်ကြရပါတယ်။ ကျမက ပလွေမှုတ်ရပါတယ်။ ဘင်ခရာအဖွဲ့မှာ နှစ်နှစ်တာ ပါဝင်ခဲ့ရတဲ့ အတွေ့ အကြုံလေးတွေဟာ အသင်းအဖွဲ့နဲ့ ပတ်သက်ပြီး ညှိနှိုင်းလုပ်ဆောင်တတ်တဲ့ အရည်အချင်းတွေ၊ ကိုယ်တယောက်တည်း ကောင်းလို့ မရဘဲ တသင်းလုံးကောင်းဖို့ အရေးကြီးတယ်ဆိုတဲ့ အသင်းအဖွဲ့ စိတ်ဓာတ်တွေ၊ ညီညွတ်မှုတွေ၊ ကိုယ်စားပြု ဆောင်ရွက်တတ်မှု အရည်အချင်းတွေကို တိုးစေခဲ့ပါတယ်။ အပြိုင်အဆိုင်စိတ်ရှိတာက မကောင်းပေမယ့် ကိုယ်စားပြုစိတ် ရှိတာကတော့ ကောင်းတယ်လို့ ကျမယူဆပါတယ်။ မြို့ နယ်၊ ခရိုးင်၊ ပြည်နယ်၊ ဗဟိုအဆင့် ပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်ရခါနီးတိုင်း ဆရာမကြီး ဒေါ်အေးချစ်ကမှာတဲ့ စကားတခွန်းရှိပါတယ်။ ကျောင်းဂုဏ်ဆောင်နိုင်အောင် ကြိုးစား ဆိုတဲ့ စကားပါ။ ဒီစကားက ကျမအတွက်တော့ အလွန် အရေးကြီးခဲ့ပါတယ်။ အထက (၄) အတွက် ပထမဆုရအောင် ယူခဲ့ပါမယ် ဆိုတဲ့ စကားကို အကြိမ်ပေါင်းမြောက်မြားစွာ ကျမ ပြန်ပြောခဲ့ဖူးပါတယ်။ အပြောနဲ့ အလုပ်ညီဖို့ကိုလဲ အကြိမ်များစွာ ကြိုးစားခဲ့ဖူးပါတယ်။ ဒီလို ကိုယ်စားပြုစိတ်ကို ကျောင်းတော်ကြီးက ခွဲခွာပြီးချိန်မှာလဲ ကျမဆက်လက်သယ်ယူသွားခဲ့ပါတယ်။ အချိန်ကာလ၊ အခြေအနေတွေအရ နိုင် ငံရပ်ခြားရောက်သွားချိန်မှာ အထက (၄) ကနေ၊ မြန်မာနိုင်ငံကို ကိုယ်စားပြုမှုဆီကို ထပ်ဆင့် ရွေ့လျောသွားခဲ့ပါတယ်။ ပညာသင်ယူချိန်မှာ မြန်မာကျောင်းသား၊ ပညာသင်ကြားပေးချိန်မှာ မြန်မာဆရာမ၊ အခြားအလုပ်ခွင်တွေမှာ မြန်မာလူမျိုး ဆိုတာကို ကျမရဲ့ ရင်ထဲမှာ ကိုယ်စားပြုဖြစ်သွားပါတယ်။ လေးတန်းတုန်းကပါ။ ကျမက လေးတန်းဘီမှာ တက်ရပါတယ်။ အတန်းပိုင်ဆရာမက ဆရာမဒေါ်ခင်ငြိမ်းပါ။ ဆရာမနဲ့က တော်တော်ကို ရင်းနှီးပါတယ်။ စာကြိုးစားတဲ့ ကျမတို့ရှေ့ဆုံးတန်းက မိန်းကလေးတွေကို ဆရာမကလဲ ချစ်ပါတယ်။ တော်တော်အလိုလိုက်တာပါ။ မုန့်လဲ ၀ယ်ကျွေးတတ်ပါသေးတယ်။ လေးတန်း ပထမနှစ်မှာ ရှစ်လေးလုံးအရေးတော်ပုံနဲ့ ကြုံပြီး ကျောင်းပိတ်သွားတာမို့ နှစ်နှစ်လောက် ဆရာမနဲ့ တွေ့လိုက်ရတာလဲ ပါမယ် ထင်ပါတယ်။ တနေ့တော့ ဆရာမက အင်္ဂလိပ်စာ meanings တွေ ကျက်လာခိုင်းပါတယ်။ ကျမ မကျက်သွားမိပါဘူး။ စာမကျက်လာရင် ရိုးက်မယ်လို့ ပြော ထားဖူးပေမယ့် ရင်းနှီးနေတော့ တကယ်ရိုးက်မယ်လို့ မထင်ထားပါဘူး။ ဒါပေမယ့် ဆရာမက တကယ်ကို ရိုက်တာကြောင့် လေးတန်းကျောင်းသူ ထုံးစံအတိုင်း ဆရာမကို စိတ်ကောက်လိုက်ပါတော့တယ်။ ဆရာမကလဲ သိပါတယ်။ ဒါပေမယ့် မသိချင်ယောင်ဆောင်နေပါတယ်။ ကျမလဲ မပေါ့ရဲတော့ပါဘူး။ စာသေချာကျက်ဖြစ် ပါတယ်။ ဒီတုန်းက အေခန်းနဲ့ ဘီ ခန်းက အမှတ်ပေါင်းပြိုင်နေကျပါ။ စာမေးပွဲတခုမှာ အေခန်းထက် အမှတ်ပေါင်း ပိုများသွားတာကြောင့် ဆရာမက အင်္ဂ လိပ်စာသဒ္ဒါစာအုပ်အတွဲလေးကို ဆုပေးပါတယ်။ ပြီးတော့ ပြောပါတယ်။ "ဆရာဆိုတာ ကျောသား၊ ရင်သားမခွဲရဘူး။ ဆုပေးစရာရှိရင်ပေးရတယ်၊ ဒဏ်ပေးစရာရှိလဲ ပေးရမှာပဲ"တဲ့။ "ဒီအရွယ်လေးမှာကတည်းက စာကို စိတ်မ၀င်စားရင် ဘ၀ပျက်သွားမှာပေါ့။ ကိုယ့်ဘ၀ကိုယ် တန်ဖိုးမထားရင် ဘယ်သူက လာထားမှာလဲ"တဲ့။ ဒီစကား ရဲ့ လေးနက်မှုကို အခုအချိန်မှာ သေချာတွေးမိလာပါတယ်။ ဒီတုန်းကလဲ ကျမကို ထိသွားစေတယ် ထင်ပါရဲ့။ ခြောက် တန်းနှစ် အတန်းတင်စာမေးပွဲကြီးမှာ တကျောင်းလုံး အဆင့်နှစ်ရသွားခဲ့ပါတယ်။ တကယ်တော့ တောင်ကြီး အထက (၄) ကျောင်းတော်ကြီးနဲ့ ဆရာ၊ ဆရာမတွေက ပေးအပ်ခဲ့တဲ့ အသိပညာ၊ အတတ် ပညာတွေ၊ အရည်အချင်းတွေ၊ ဆုံးမစကားတွေက များပြားလှပါတယ်။ ဒီစာလေးတပုဒ်ထဲနဲ့ ပြီးပြည့်စုံအောင် ဖော်ကျူး နိုင်မှာ မဟုတ်ပါဘူး။ သေချာတာကတော့ ကျောင်းတော်ကြီးဟာ ကျမရဲ့ ရင်ထဲမှာ အမြဲတမ်းနေရာယူပြီးသား ဖြစ်နေ သလို၊ မြတ်ဆရာတို့ရဲ့ ဂုဏ်ကျေးဇူးတွေကိုလဲ ထာဝစဉ် အောက်မေ့ သတိရနေမိမယ် ဆိုတာပါပဲ။
Taken and made from the article by ခင်မမမျိုး (၂၀၊ ၁၀၊ ၂၀၁၂) (Face Book)
PoemHunter.com Updates
-
World Day for Cultural Diversity for Dialogue and Development
celebrated on May 21st every year
-
Your Favorite Poets’ Favorite Books of Poetry
-
Daily Rituals of Famous Authors
Writers seem to be the most prone to unshakeable routines and elaborate superstitions.
-
Incredible Reading Rooms Around the World
Cozy, beautiful places to curl up with a good book...
Top 500 Poems
-
Phenomenal Woman
Maya Angelou
-
The Road Not Taken
Robert Frost
-
Still I Rise
Maya Angelou
-
If You Forget Me
Pablo Neruda
-
Dreams
Langston Hughes
-
Annabel Lee
Edgar Allan Poe
-
If
Rudyard Kipling
-
A Dream Within A Dream
Edgar Allan Poe
-
I Know Why The Caged Bird Sings
Maya Angelou
-
Stopping by Woods on a Snowy Evening
Robert Frost
Comments about this poem (School in My Bosom Heart by Nyein Way )